Monthly Archives: September 2012

Making Myanmar Group Blog For IT Solutions

ခေတ်မှီတိုးတက်နေတဲ့ နည်းပညာခေတ်ရဲ့ အကြောင်းအရာ၊ကိစ္စတိုင်းမှာ အဆိုးနဲ့အကောင်း ဆိုတာဒွန်တွဲလျှက်ပါ၊ ဦးတည်ချက်ကောင်း နဲ့သာ ဆောင်ရွက်ရင် မိမိကိုယ်တိုင်အတွက်ရော၊ အများအတွက်ပါ အကျိုးရှိမယ့်အရာတွေကို ဖန်တီးနိုင်ပါတယ်။ အဲဒီတိုးတက်နေတဲ့ IT နည်းပညာတွေထဲမှာ မိမိတို့ကိုယ်ကျိုးအတွက်ဖြစ်ဖြစ်၊ အများအကျိုးဆောင်ဖို့ဘဲဖြစ်ဖြစ် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ခုကတော့ blogging ပါဘဲ။ Non-commercial blog/website တော်တော်များများဟာလည်း IT နည်းပညာဆိုင်ရာ problems တွေ  difficulties တွေအတွက် ပြေလည်စေမယ့် solutions တွေကို provide လုပ်ပေးတဲ့ IT Solutions Provider Group Blog တွေအဖြစ် ဖန်တီး make/create လာကြတာတွေရပါတယ်။

အဲဒီ blog ဆိုတာက မည်သူမဆို ဖန်တီးလို့ရပါတယ်၊ အရွယ်မရောက်သေး ရင်တော့ မိဘအုပ်ထိမ်းမှုနဲ့အတူတော့ အသုံးပြုသင့်ပါတယ်။ Blog ထဲမှာ မိမိတို့ရဲ့ ပျော်ရွှင်အောင်မြင်မှု၊ ၀မ်းသာဝမ်းနည်းခံစားမှု၊ ဗဟုသုတ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု စတဲ့အကြောင်းအရာပေါင်းစုံကို မိဘဆွေမျိုးအသိုင်းအ၀ိုင်း၊ သူငယ်ချင်းတွေနဲ့ အများကိုပါ မျှဝေပေးနိုင်တဲ့ နေရာတခုပါ၊ သူတို့တွေဆီက အကြံဉာဏ်ကိုလည်းတောင်းလို့ရသလို အခါအခွင့် ကြုံကြိုက်ရင် လိုအပ်တဲ့သူကို အကြံလည်းပေးလို့ရပါတယ်၊ မိမိတို့ကိုယ်ရေးအချက်အလက်တွေကို ပွင့်ပွင့်လင်းလင်းကြေညာလို့ရသလို သူတစ်ပါးအားမထိခိုက်စေရန်ရည်ရွယ်ပြီး လျှို့ဝှက်ထားလို့ရပါတယ်။

အခုဆိုရင် ကွန်ပျူတာစာစီစာရိုက်စနစ်ကို သာမာန်နားလည်ထားရုံနဲ့ blog တစ်ခုဖန်တီးနိုင်အောင် နည်းပညာအခက်အခဲတွေကို အတတ်နိုင်ဆုံးကူညီဖြေရှင်းပေးထားတဲ့ blogging software တွေကလည်း အပြိုင်အဆိုင်ဆိုသလို ပေါ်ထွက်နေတဲ့အတွက် ယနေ့ခေတ်လူငယ်တွေ ကြားမှာ blogging ဆိုတာရေပန်းစားလျှက်ရှိသလို ၀ါသနာရှင် blogger အရေအတွက်လည်း တဖြည်းဖြည်း များလာနေပါတယ်။

Start To Make A Blog

Blog တစ်ခုကို စတင် creation ပြုလုပ်ဖို့အတွက် အကြောင်းပြချက်ကောင်း တွေရှိပါတယ်။

  • အကြောင်းအရာတစ်ခုအပေါ် သင့်ရဲ့အတွေးအခေါ်တွေ၊ ထင်မြင်ချက်တွေ၊ ယူဆချက်တွေ၊ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း  ပြောပြနိုင်တဲ့နေရာ place to share your opinions တစ်ခုပါ။
  • သင့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ သင်သဘောကျနှစ်သက်သူတွေနဲ့ ဆက်သွယ်လို့ရတဲ့ place to communicate with your family and friends နေရာတစ်ခုပါ။
  • အကယ်၍ သင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတစ်ဦးဆိုရင် သင့်စီးပွားရေးတိုးတက်ရာ တိုးတက်ကြောင်း မြှင့်တင်ဖို့အတွက် သင့်ရဲ့ social network မှတဆင့်လူသိများ လာအောင် ကြော်ညာနိုင်တဲ့ဘဘောလည်းရှိပါတယ်။ အနုပညာရှင် (ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ)တစ်ဦးဆိုရင်လည်း လူသိများ၊ လူကြိုက်များလာဖို့ သင့်ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်တဲ့နေရာ place to promote your business အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ လူ့သတင်း လူချင်းဆောင်၊ ပန်းသတင်းလေညှင်းဆောင် ဆိုသလို သင့်စီးပွားရေး၊ သင့်ကြော်ကြားမှုကို သင့် blog ကို လာလည်တဲ့သူတွေရဲ့ social network ကနေတဆင့် သယ်ဆောင်ပေးပါလိမ့်မယ်။
  • အကယ်၍ သင်ဟာ ပညာရပ်တစ်ခုခုကို စိတ်ဝင်စားနေတဲ့သူတစ်ဦးဆိုရင်လည်း သင့်လေ့လာနေတဲ့ ပညာရပ်အသစ်အဆန်းတွေကို ပြန်လည်ဝေမျှတဲ့နေရာ place to share and distribute your knowledge အဖြစ်အသုံးပြုရင်း သင့်ကိုယ်သင် professional/ expert တစ်ဦးဖြစ်လာဖို့ အထိ လေ့ကျင့်၊ စမ်းသပ်ရေးကွင်းအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
  • သင်ဟာ ပညာရပ်တခုခု ဒါမှမဟုတ် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတစ်ခုခုမှာ expert တစ်ယောက်ဖြစ်နေရင်လည်း လက်ရှိမှာပြဿနာကြုံတွေ့နေတဲ့ သူတွေရဲ့အခက်အခဲ များကို ပြေလည်စေမယ့် နည်းလမ်းတွေကို မျှဝေပေးနိုင်တဲ့ solutions provider နေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
  • အကယ် သင်ဟာ တစ်ခုခုကို အသစ်တီထွင်ဖန်တီးနိုင်ခဲ့တယ်ဆိုရင်လည်း သင့်ရဲ့အောင်မြင်မှု နည်းပညာတွေကို အခြားသူတွေသိစေဖို့ ဖြန့်ဝေနိုင်တဲ့နေရာ place to tell success of your innovation အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
  • သင့်ရဲ့ ဘ၀မှတ်တမ်းအဖြစ် အမှတ်တရကိစ္စတွေ၊ ထူးခြားအကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ life diary အနေနဲ့လည်း ပြုလုပ်လို့ရပါတယ်။
  • နောက်ဆုံး only for your recreation ပျော်ရွှင်ဖို့သတ်သတ်ဘဲဖြစ်ဖြစ် blog တွေကို creation ဖန်တီးနိုင်ပါတယ်။

အထက်ပါအကြောင်းကြောင်း motivation တွေကြောင့် သင့်ကိုယ်ပိုင် individual blog ဘဲဖြစ်ဖြစ်၊ ၀ါသနာတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူငယ်ချင်းများပူးပေါင်း၍ မိမိတို့တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာတွေကိုလည်း အများသူတို့ အကျိုးရှိစေရန် blog post များမှတဆင့် ကဏ္ဍပေါင်းစုံမျှဝေလို့ရတဲ့ အခက်အခဲတွေကို ပူးပေါင်းအဖြေရှာလို့ရတဲ့ collaborative/cooperative/group blog ဘဲဖြစ်ဖြစ် ဖန်တီးနိုင်ပါတယ်။

မိသားစုတစ်စုမှာ ဖေဖေရယ်၊မေမေရယ် သားသမီးတွေနဲ့ ဖိုးဖိုး၊ဖွားဖွားတွေ ရှိတတ်ပါတယ်၊ အရွယ်သုံးမျိုးပေါ့။ သားသားမီးမီးတွေဆိုရင် သူတို့ရဲ့ပညာရေးတို့ အားကစားတို့မှာ ထူးချွန်မှုတွေ၊ မွေးနေ့မှာဘာလက်ဆောင်ရတယ် ဆိုတာကအစ၊ ခရီးသွားအတွေ့အကြုံလေးတွေအဆုံး အမှတ်ရစရာအဖြစ်ကလေးတွေကို သူငယ်ချင်းတွေ ရပ်ဝေးမှာရှိတဲ့ ဆွေမျိုးမောင်နှမတွေနဲ့ blog တွေကတဆင့် ဖလှယ်လို့ရပါတယ်။

အိမ်ထောင်ဦးစီး ဖေဖေတွေဆိုရင်လည်း မိသားစုရဲ့ထူးခြားမှုတွေ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေ၊ ကျွမ်းကျင်ရာအတတ်ပညာတွေ၊ အခက်အခဲကိုကျော်ဖြတ်ခဲ့ပုံ တွေကို လက်ဆင့်ကမ်းမျှဝေလို့ရပါတယ်။

အိမ်ထောင်ရှင်မ မေမေတွေဆိုရင်လည်း သူရဲ့ အစွမ်းထက်လှတဲ့ ဟင်းချက်နည်း၊ မုန့်လုပ်နည်းတွေကို သူငယ်ချင်း အိမ်ထောင်ရှင်မတွေနဲ့ အမြင်ချင်းဖလှယ်လို့ရတဲ့ place to exchange your experience နေရာတစ်ခုပါ၊ အိမ်မှာဆရာတော်တွေကို ဆွမ်းကပ်တဲ့ကုသိုလ်ကအစ မျှဝေလို့ရပါတယ်။

မိခင်လောင်းတွေဆိုရင်လည်း ကိုယ်ဝန်စဆောင်စဉ်ကာလ သန္ဓေသားဘ၀မှစပြီး မိမိတို့သားသမီးရတနာလေးတွေ လှလှပပ၊ ကျန်းကျန်းမာမာ၊ ဖွံ့ဖွံ့ဖြိုးဖြိုးမွေးဖွားလာဖို့ ဂရုစိုက်ခဲ့ပုံတွေ၊ သန္ဓေသားဘ၀စတင်လှုပ်ရှားမှုတွေ၊ လမ်းစလျှောက်ခါစအချိန်လေးတွေ၊ စကားစပြောစအချိန်လေးတွေမှာ မိဘနှစ်ပါးရဲ့ ခံစားမှုပီတိဖြစ်မှုတွေ၊ လူတော်လူကောင်းလေးတွေ ဖြစ်လာဖို့အတွက် ဂရုစိုက် ပျိုးထောင်ခဲ့ပုံတွေကို သူတို့လေးတွေအတွက် ပိတ်ကားပေါ်မှာပြန်ကြည့်ရသလိုမျိုး မိဘမေတ္တာကို ဖွင့်ပြလို့ရတဲ့နေရာ ဆိုလည်း ဖြစ်လာနိုင်ပါတယ်။ အကျိုးရလာဒ်ကတော့ သားသမီးနဲ့မိဘကြား ပိုပြီးနားလည်မှုရှိတဲ့ ဆက်ဆံရေးဖြစ်လာမှာပါ။

ပင်စင်စားဖိုးဖိုး၊ဖွားဖွားတွေဆိုရင် တာဝန်တွေကနေရုတ်တရက်အနားယူ လိုက်တဲ့အခါ ပုံမှန်လုပ်နေကျအလုပ် လည်းမရှိတော့ တောင်တွေး၊မြောက်တွေးနဲ့ ကြာလာတော့စိတ်ဓါတ်တွေ ကျလာတတ်တဲ့အတွက် သူတို့ရဲ့အချိန်တွေကို သစ်ပင်၊ပန်းပင်စိုက်ပျိုးခြင်း၊ တရားဘာဝနာအားထုတ်ခြင်းစတဲ့ ၀ါသနာရှိတဲ့ အရာတွေနဲ့ အစားထိုးဖို့ကြိုးစားကြပါတယ်။ လူကြီးတွေဆိုတာ ရှေးမှီနောက်မှီတွေပါ၊ အသက်ကြီးလာလေလေ အတွေအကြုံများလေပါဘဲ၊ အတွေ့အကြုံပိုင်းအရ လူငယ်တွေနဲ့ယှဉ်လို့မရတဲ့အတွက် သူတို့ဖြတ်သန်းခဲ့တဲ့ ဘ၀ခရီးတလျှောက် ကြုံဆုံခဲ့ရတဲ့ စီးပွားရေး၊ လူမှုရေးစတဲ့ အပိုင်းတွေမှာ အောင်မြင်အောင် လက်ကိုင်ထားခဲ့တဲ့ လက်စွဲဆောင်ပုဒ်တွေ၊ ရှေးထုံးတမ်းအစဉ်အလာတွေ၊ သူတို့ခေတ်၊ သူတို့အခါက အံ့သြဘွယ်ရာကိစ္စတွေ၊ လျှို့ဝှက်ဆန်းကျယ်မှုစတဲ့ ထူးခြားအဖြစ်အပျက်တွေကို ယနေ့ခေတ်လူငယ်တွေကို ပုံပြင်သဖွယ်ပြန်ပြောပြပြီး ဘ၀ရဲ့အလွမ်းတွေ၊ အမောတွေကိုဖြေဖျောက်ရင်း အထီးကျန်မှုတွေကို ကုစားလို့ရတဲ့ နေရာဆိုလည်း ဟုတ်နိုင်ပါတယ်။ ဒါကြောင့်မို့ ပိုမိုနွေးထွေးတဲ့ မိသားစုဘ၀လေးရဖို့  family blog တွေရေးဖို့ တိုက်တွန်းလိုပါတယ်။

အဲလို ကိုယ်ပိုင် (Individual Blog)ဖြစ်ဖြစ်၊ မိသားစု (Family Blog) အနေနဲဖြစ်ဖြစ်၊ အဖွဲအစည်းပိုင် (Collaborative Blog) ဖြစ်ဖြစ် ရေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကြိုးစားပြီး စတင် create လုပ်ကြည့်ဖို့ အားပေးပါတယ်။ လူကြီးတွေကိုလည်း အကူအညီပေးဖို့လိုပါတယ်။

ကျေးဇူးတင်ပါတယ်။

GuideTips For Making Myanmar Blog Easy

ဘလော့ဂ်(Blog) ဆိုတာ မိမိတို့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေ၊ ပြောပြချင်တဲ့ အချက်အလက်တွေကို  အင်တာနက်(Internet) ထဲမှာ သတင်းအပုဒ်(post)တွေအဖြစ်ရေးပြီး published လုပ်ထားတဲ့ website လို့ ဆိုနိုင်ပါတယ်။

တကယ်တမ်းအပြင်မှာဆိုရင် စာရေးတဲ့သူတွေဟာ သူတို့ရဲ့ ဆောင်းပါး၊ ၀ထ္ထု၊ ကဗျာ စတာတွေကို စာဖတ်ပရိတ်သတ် ဖတ်နိုင်ဖို့အတွက် မဂ္ဂဇင်းတိုက်ကို ပို့ရင်ပို့ ဒါမှမဟုတ်ရင် စာအုပ်တိုက်ကနေ စာအုပ်ထုတ်ပြီးဖြန့်ဝေ ရသလိုမျိုးပါဘဲ။ ဒါပေမယ့် စာရေးဆရာမှမဟုတ်ပါဘူး၊ မိမိတို့စာအရေးအသားကို စမ်းသပ်လိုတဲ့ဝါသနာရှင်တွေဘဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ဗဟုသုသတွေကို အလွတ်သဘောဖြန့်ဝေချင်တဲ့သူဘဲဖြစ်ဖြစ် blog ထဲမှာ ဘာအရင်းအနှီးမှမလိုဘဲ post တွေကို ကြိုက်သလောက် တင်(publish)လို့ရပါတယ်။ တင်ထားတဲ့ blog တွေကို မကြိုက်ရင်ဖျက်လို့ရသလို၊ ကြိမ်ဖန်များစွာ စိတ်ကြိုက် ပြုပြင်ပြီး (publish) လည်းလုပ်နိုင်ပါတယ်။

ဘလော့ဂ်(Blog) တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် –

  • တစ်ဦးထဲပိုင်(blog posts များအားတစ်ဦးထဲ management ပြုလုပ်ခွင့်ရှိသော) individual/own blog အဖြစ်သော်လည်းကောင်း၊
  • အုပ်စုပိုင်(multi-authors များက blog posts များအား ရေးခွင့်၊ management ပြုလုပ်ခွင့်ရှိသော) group/collaborative blog အဖြစ်လည်းကောင်း ဖန်တီးလို့ရပါတယ်။

မြန်မာလူမျိုးတွေ ဘယ်အချိန်က Blog ကိုစတင်ရေးခဲ့ကြလဲ၊ သူတို့ရေးကြတဲ့ Blog အမျိုးအစားတွေကို Myanmar Blogging ဆိုတဲ့ wiki ရဲ့ article ထဲမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ခုချိန်မှာ ဘလော့ဂ်ရေးတဲ့သူ(blogger) တွေများလာရတဲ့ အားသာချက်အကြောင်းအရင်းတွေပါရှိပါတယ်။ အဓိကကတော့ Blog Creation အပိုင်းဟာ မခက်ခဲတော့ဘဲ blogger တွေအတွက် Easy Making ဖြစ်လာလို့ပါဘဲ။ အဲလို easy making ဖြစ်လာစေဖို့ အထောက်အပံ့ကောင်းတွေကို အသုံးပြုနိုင်ဖို့အတွက် လမ်းညွှန်ချက် Guide Tips တွေကတော့-

(၁) Free Web Hosting – The Most Interesting Thing for Myanmar Bloggers

အရင်းအနှီးစိုက်စရာမလိုဘူးဆိုတဲ့ free of charge ဆိုတဲ့စကားလုံးကို မြန်မာမှမဟုတ် အားလုံးနီးပါး စိတ်ဝင်စားကြမယ်ထင်တယ်။ အပြင်လောကမှာ အိမ်တစ်အိမ်ကို အိမ်အမှတ်၊ လမ်းအမည်၊ မြို့အမည်တွေနဲ့ သတ်မှတ်ထားသလိုဘဲ၊ ဘလော့ဂ်(Blog) ဆိုတာကလည်း website တစ်ခုဖြစ်တဲ့အတွက် www ထဲမှာ နေရာတစ်နေရာယူဖို့ (hosting) အတွက် web address (domain name)တစ်ခုလိုအပ်ပါတယ်။ ပုံမှန်ကတော့ website တစ်ခုရဲ့ domain name တစ်ခုရယူဖို့အတွက်ဆိုရင် နှစ်စဉ်ကြေးပေးရပါတယ်။ အဲ… ဘလော့ဂ်(Blog) တွေအတွက် free domain name တွေပေးနိုင်တဲ့ ဆာဗာ(Servers sites) တွေရှိနေပါပြီ။ Free web hosting လုပ်နိုင်တဲ့ အဲဒီ server site တွေကို လာမည့် post ထဲမှာ ၀င်ရောက်ဖတ်ရှုနိုင်ပြီး ကြိုက်နှစ်သက်ရာ ဆာဗာထဲမှာ ကိုယ်ပိုင် blog တစ်ခုဖန်တီးနိုင်ပါတယ်။ ကဲ… ဒါဆိုရင် domain name ရဖို့အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

နောက်ထပ် easy making ဖြစ်စေတဲ့ guide tips တစ်ခုကတော့…

(၂) CMS – The Easy Making Tool To Write Blogs

Web page တစ်ခုကို ရေးတော့မယ်ဆိုရင် စာမျက်နှာအပြင်အဆင်(webpage design) တွေကို HTML, PHP, ASP စတဲ့ web programming language တွေနဲ့ အသေးစိတ်ရေးပြီး ပုံဖော်ရပါတယ်။ အဲဒါကြောင့် web designer တွေဟာ HTML, PHP, ASP စတဲ့ language တွေကို ကျွမ်းကျင်ရပါတယ်။ ဒါပေမယ့်… ခုနကပြောခဲ့တဲ့ free web/blog hosting ပေးနိုင်သော provider တွေဟာ web programming language တွေကို မတတ်ထားတဲ့သူများအတွက် ရည်ရွယ်ပြီး Content Management System(CMS)  ဆိုတဲ့ Service တခုကိုလည်း ပေးထားပါတယ်။ Post တွေကို ရေးမယ့် blogger အနေနဲ့ သူရေးမယ့် အကြောင်းအရာ content ကိုသာ အာရုံစိုက်ရမှာဖြစ်ပြီး ကျန်တဲ့ စာမျက်နှာအပြင်အဆင်(webpage design)ကို CMS software က နောက်ကွယ်ကနေ html/php code တွေကို ကိုယ်စားရေးပေးသွားမှာဖြစ်တဲ့အတွက် အားစိုက်ထုတ်စရာမလိုဘဲ လှပတဲ့စိတ်ကြိုက် webpage တွေကို ဖန်တီးသွားနိုင်ပါတယ်။ Microsoft Word ကို အသုံးပြုတတ်ရုံနဲ့ အဆင်ပြေပါတယ်။ ကဲ… မကောင်းဘူးလား။

နောက်ထပ် ၀မ်းသာစရာ guide tips တစ်ခုကတော့…

(၃) Myanmar Unicode – The Essential Font For Reading & Writing Myanmar Websites/Blogs

Zawgyi မြန်မာအက္ခရာ Font ပါ။ မြန်မာတွေဆိုတော့ ပေးချင်တဲ့ အကြောင်းအရာ၊ ခံစားမှုတွေကို ထိထိမိမိ တင်ပြနိုင်အောင် မိမိတို့ဘာသာစကားဖြစ်တဲ့ မြန်မာဘာသာ Myanmar Language နဲ့ ရေးကြရတာကို ပိုသဘောကျသလို ဖတ်စေချင်တဲ့ မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ကလည်း မြန်မာလိုရေးထားမှ ပီပီပြင်ပြင် နားလည် ခံစားပြီးဖတ်လို့ရမှာ။ မဖြစ်မနေ ပညာရေးနဲ့ပတ်သတ်ပြီး အသိ၊ အတတ်ပညာတိုးဖို့၊ ဗဟုသုတကြွယ်ဝဖို့လောက်သာ အင်္ဂလိပ်(သို့)အခြားသော သာသာများနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို အခြေအနေကြောင့် ကြိုးစားပြီးဖတ်ကြရတာပါ။ ဘာသာပြန်ထားတာရှိလို့ကတော့ ၀ယ်ပြီးဖတ်ကြမယ့်သူတွေများပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် စတင် အသုံးပြုစဉ်ကဆိုရင် Zawgyi Font ကလည်း အခုလိုမျိုးအသုံးပြု၍မရသေး မြန်မာဝက်ဆိုက် [Myanmar Blog/Website] တွေကလည်း သူတို့စိတ်ကြိုက် မြန်မာ Font မျိုးစုံကို အသုံးပြုထားကြ၊ ဖွင့်လိုက်တဲ့ မြန်မာဝက်ဆိုက်မှာ သုံးထားတဲ့ မြန်မာ Font အမျိုးအစားက မိမိတို့ ကွန်ပျူတာထဲမှာမရှိရင် မြင်ရတဲ့မြန်မာအက္ခရာ Myanmar Character တွေကို လေးထောင့်အကွက်တွေအနေနဲ့ဘဲမြင်ရပြီး ဘယ်လိုမှ ဖတ်လို့မရခဲ့ဘူး၊ Font ကို download လုပ်ပြီးထည့်ပြန်တော့လည်း အဆင်မပြေနဲ့ တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ကဲ… ခုတော့ ရေးသူ၊ ဖတ်သူတွေအတွက် အဲဒီ အဆင်မပြေမှုတွေ အခက်အခဲတွေ ပြေလည်စေနိုင်မယ့် Zawgyi ကတော့ပေါ်လာပါပြီ၊ ကံကြမ္မာကတော့… Myanmar Blogger တွေဘက်ပါလာပြီနော်…

Zawgyi Font နဲ့ Zawgyi Keyboard ကို download လုပ်ပြီး Install လုပ်ဖို့တော့လိုပါတယ်။ ဘာမှစိတ်မပူပါနဲ့… ဘယ်လိုလုပ်ရမလဲဆိုတာကို နောက်ရေးမယ့် post ထဲမှာ ရှင်းပြထားပါမယ်၊ Keyboard Layout လက်ကွက်ကိုပါ အဆစ်ထည့်ပေးထားပါတယ်။ ကျေးဇူးပါ Alpha Zawgyi!

လာရောက်အားပေးတာ ကျေးဇူးပါ။ နောက် post တွေမှာ ပြန်ဆုံကြရအောင်။